Tuesday, 28 July 2009

အစဉ်ထာဝရသာ...

မြူတွေအထပ်ထပ်နဲ့မို့...
ဒီဇင်ဘာလမှာ...
တစ်နှစ်ဆိုတာ ဆန်းသစ်လာရော့မယ်...
လူတွေသတ်မှတ်ခဲ့လို့...
သည်အပင်သဘာဝမှာ...
အပွင့်ဆိုတာ ပန်းဖြစ်လာတော့မယ်...
ဘယ်သူတွေဖြတ် မဖြတ်ခဲ့လို့...
ဤအစဉ်ထာဝရသာ...
နင့်ကိုငါ အရမ်းချစ်တာပေါ့ကွယ်.......

Monday, 27 July 2009

'You're perfect in my eyes.'

I love the Way You Care for Me.
I love the Way You Make Me feel safe.
When Wrapped in Your Arms,
I love the Way You Protect Me.
I love the Way You'll always be There for Me.
So many things I love about You,
it's hard to name them all.
I love the Way You Talk to Me.
I love the Way You Kiss Me.
I love the Way You Look at Me.
I love Your Eyes.
I love Your Smile.
I love Your Voice.
I love Everything about You.
You're Perfect in My Eyes.

Thursday, 25 June 2009

"My Love"

My love is like an ocean
It goes down so deep
My love is like a rose
Whose beauty you want to keep.

My love is like a river
That will never end
My love is like a dove
With a beautiful message to send.

My love is like a song
That goes on and on forever
My love is like a prisoner
It's to you that I surrender

"သိပါရစေ"

အရှုံးမှန်း သိသိကြီးနဲ့
တကယ်ချစ်ခဲ့လို့
ဒူးထောက်တာကိုမှ မလိုချင်၊၊
ငါ့နှလုံးသားကြွေကျ မြေခတာကိုမှ ကြည့်ချင်တဲ့ နင်....၊၊
ဘယ်ဘ၀ ဆုတောင်းတွေကြောင့်
ငါ့ရင်ထဲ နင်ရှိခဲ့လဲ မသိပေမယ့်
နင့်ရင်ထဲ ငါ အရေးမပါခဲ့တာ
ဘ၀ အဆက်ဆက်ပဲလား....?

"၀န်ရိုးစွန်း"

ကမ္ဘာ့
ဝန်ရိုးစွန်းဒေသမှာ အိပ်တန်းတက်တဲ့
ငှက်ကလေးတွေကို သနားမိရဲ့ 
ညတာ တိုလွန်းလို့ ...။
'မင်း'ရဲ့ 
ရင်ခုန်သံ ၀န်ရိုးစွန်းမှာ အိပ်စက်ရတဲ့
ငါ့ကိုယ် ငါလည်း သနားမိရဲ့ 
'မင်း' ကြောင့် အိပ်မပျော်လို့ ...။

"ငါအိုသွားသော်"

ငါအိုသွားသော်အခါ ငါဟာ အရင်ကငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊လုံချည် ဗိုသီဗတ်သီဖြစ်နေတဲ့အခါ ငါကိုမရွံပါနဲ့။ ငယ်ငယ်တုံးက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။
အပ်ကြောင်းထပ်မကပြောဘူးခဲ့တဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေ မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုံးက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီးလမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို ကူတဲ့ပေးကြပါ။
လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနှင့် နားလည်ပေးပါ။အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။အဲဒီအပြုံးတွေ ထဲမှာ မဆုံးတဲ့ ငါမေတ္တာတွေ တွေ့ရမှာပါ။